ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအတွက် အဖွဲ့အစည်းပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်မည့် လုပ်ငန်းအဖွဲ့(၂) အဖွဲ့ဝင်များနှင့်တွေ့ဆုံသည့် ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအရ  ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအတွက် အဖွဲ့အစည်းပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်မည့် လုပ်ငန်းအဖွဲ့(၂) အဖွဲ့ဝင်များနှင့် တွေ့ဆုံသည့်  ညှိနှိုင်း အစည်းအဝေးကို ၂၀၂၀ ခုနှစ် ဖေဖော်ရီလ ၂၅ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှု ဦးစီးဌာနရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမာလာမျိုးညွန့်၊ လုပ်ငန်းအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီတို့မှ တာဝန်ရှိသူများ စုစုပေါင်း (၁၅) ဦး တက်ရောက်ခဲ့ပါသည်။