
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၇၆ ကြိမ်မြောက် အာဆီယံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းမှု ကော်မတီ အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရန်ကုန်မြို့၊ Wyndham Grand Yangon Hotel၌ ကျင်းပပြုလုပ်လျက်ရှိပါသည်။
အစည်းဝေးတွင် သဘာပတိအဖြစ် ထိုင်းနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ Executive Director ဖြစ်သူ Ms. Tanita Sirisupမှ ဆောင်ရွက်ပြီး အာဆီယံ ဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ်အားအကောင်အထည်ဖော်နေမှုများ၊ ရင်းနှီးမြှုပ်နှံမှုဖြေလျော့ခြင်း၊ မြှင့်တင်ခြင်း၊ အဆင်ပြေချောမွေ့စေခြင်းနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ ဆောင်ရွက်မှုများ၊ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ရေး ညှိနှိုင်းမှုအခြေအနေများ၊ အာဆီယံရင်းနှီးမြှုပ်နှံမှုဝန်းကျင် ပိုမိုကောင်းမွန်စေရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များစသည်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြပါသည်။
အစည်းအဝေးသို့ ဘရူနိုင်းဒါရုဆာလမ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှအပ ကျန်အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံ-ဂျပန်စင်တာမှ ကိုယ်စားလှယ်များ၊ ASEAN-EU Arise Plus မှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၅ ဦးခန့် တက်ရောက်ကြပါသည်။