
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ Department for International Development(DFID)နှင့် DaNa Facilityတို့ ပူးပေါင်း၍ ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေးနှင့် အဆင်ပြေချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲ (အောက်မြန်မာပြည်) ကို ၂၀၁၉ ခုနှစ် မေလ ၁၆ တွင် ရန်ကုန်မြို့ရှိ Chatrium Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်နေ့အထိ ဆက်လက်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေး ဆိုင်ရာ မဟာဗျူဟာများနှင့် မူဝါဒများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ များမှ ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီများမှ ဝန်ကြီးချုပ် များနှင့် အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများ၊ Department for International Development (DFID)၊ DaNa Facility၊ the Asia Foundation နှင့် United Nations Capital Development Fund မှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ၇၇ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင် ဝန်ကြီး ဉီးဟံထွန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးနှင့် DaNa Facility မှ Private Sector Development Lead for UK aid in Myanmar ဖြစ်သူ Ms. Jenni Hall တို့မှ အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီများမှ ဝန်ကြီးချုပ်များနှင့် အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများ၊ Department for International Development (DFID)၊ DaNa Facility၊ the Asia Foundation နှင့် United Nations Capital Development Fund တို့မှ ကိုယ်စားလှယ်တို့မှ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အဆင်ပြေ ချောမွေ့စေရေးဆိုင်ရာ ကိစ္စရပ်များကို အသီးသီးဆွေးနွေးခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲကို မွန်းလွဲ (၅:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

