
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံရင်းနှီးမြှုပ် နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်/ အတည်ပြုမိန့်တို့ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများမှ နိုင်ငံခြားသားများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ မှတ်ပုံတင်ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများမှ နိုင်ငံခြားသားများကို ကယ်ဆယ်ရေး လေယာဉ်ဖြင့် လိုက်ပါခွင့်ရရှိနိုင်ရေးအတွက် စိစစ်ထောက်ခံပေးလျက်ရှိပါသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ၌ ၂၀၂၁ ခုနှစ် မေလတွင် နိုင်ငံ/ ဒေသပေါင်း ၁၇ ခုမှ နိုင်ငံခြားသား ၅၈၄ ဦးကိုလည်းကောင်း၊ ဇွန်လတွင် နိုင်ငံ/ ဒေသပေါင်း ၂၁ ခုမှ နိုင်ငံခြားသား ၈၉၇ ဦးကို လည်းကောင်း၊ ဇူလိုင်လတွင် နိုင်ငံ/ ဒေသပေါင်း ၂၇ ခုမှ နိုင်ငံခြားသာ ၁,၀၇၆ ဦးကို လည်းကောင်း၊ ဩဂုတ်လတွင် နိုင်ငံ/ ဒေသပေါင်း ၃၂ ခုမှ နိုင်ငံခြားသား ၄၉၁ ဦးကို လည်းကောင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါခွင့် ရရှိနိုင်ရေးအတွက် စိစစ်ထောက်ခံပေး နိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ် မေလမှ ဩဂုတ်လကုန်အထိ နိုင်ငံခြားသားစုစုပေါင်း ၃,၀၄၈ ဦးကို စိစစ် ထောက်ခံပေးခဲ့ပြီး ဖြစ်ပါသည်။