MEF INTERNATIONAL CO., LTD. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးသက်ပိုင် ဦးဆောင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ကဏန်းပျော့ ထုတ်လုပ် တင်ပို့ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော လပွတ္တာမြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ MEF InternationalCo., Ltd. မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။