
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစာရင်းအင်းစစ်တမ်း ကောက်ယူမှု အသိပေး ဆွေးနွေးပွဲ တစ်ရပ်အား ၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ရုံးချုပ်(ရန်ကုန်)၌ ကျင်းပခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံခြား ကုမ္ပဏီ (၃၇) ခုမှ ၄၆ ဦး တက်ရောက်ခဲ့ပါသည်။အသိပေးဆွေးနွေးပွဲအား၂၀၁၈ ခုနှစ်၊ မေလ ၂၉ ရက်မှ ဇွန်လ ၁ ရက်နေ့ထိ(၄)ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ရည်ရွယ်ချက်မှာ Foreign Direct Investment concepts များကို သိရှိနားလည်စေရန်နှင့် survey questionnaire form ဖြည့်စွက်ရာတွင် အထောက်အကူပြုစေရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၏ နည်းပညာပံ့ပိုးမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စစ်တမ်း annual survey တွင် ၂၀၁၇ ခုနှစ် အောက်တိုဘာလက ပြုလုပ်ခဲ့သော pilot survey အဆက် နိုင်ငံခြားဘဏ်ခွဲများ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ကဏ္ဍနှင့် နိုင်ငံခြား ကုမ္ပဏီတို့ ပါဝင်ပြီး နိုင်ငံခြား ကုမ္ပဏီ ၈၀၊ နိုင်ငံခြားဘဏ်ခွဲ ၁၃ ခုနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ ၄၃ ခုပါဝင်မည်ဖြစ်ပါသည်။
