
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ တင်ပြလာသည့် အတည်ပြုချက်များ အပေါ် ဆွေးနွေးစိစစ်မှု ပြုရန်အတွက် မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၁၈)ကြိမ်မြောက် အစည်း အဝေးကို ၂၀၁၈ ခုနှစ် မေလ ၂၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အဖွဲ့ဝင်များဖြစ်သော တိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူ၊ တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်နှင့် အခြား အဖွဲ့ဝင် (၄) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူမှ တင်ပြလာသောအတည်ပြုမိန့် လျှောက်ထားလွှာ များအား စိစစ်ခြင်း၊ဆွေးနွေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးမှု အစီရင်ခံစာများ ဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၄/၂၀၁၈)ကြိမ်မြောက် အစည်း အဝေးမှ လျှောက်ထားလွှာတင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၄) ခုအား အတည်ပြုမိန့် ခွင့်ပြုပေးရန် ဆုံးဖြတ်ခဲ့ပါသည်။




