
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ဦးဆောင်၍ (GIZ) ၏ ပံပိုးမှုဖြင့် “မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေနှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ရှင်းလင်းဆွေးနွေးခြင်း” အခမ်းအနား ကို ၂၀၁၈ ခုနှစ် မေလ ၂၁ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ ကျင်းပခဲ့ရာ ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ ဒေါက်တာခက်အောင် နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာ မျိုးညွှန့် တို့မှ အဖွင့်အမှာစကားများ ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက အသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ( ၇၅ ဦး ) ခန့် တက်ရောက် ဆွေးနွေး ခဲ့ကြပါသည်။

