
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၂၀၁၈ ခုနှစ် မေလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် International Finance Corporation (IFC) တို့၏ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျင်းပပြုလုပ် နေသော ရင်းနှီးမြှုပ်နှံသူ၏ နစ်နာမှုဖြေရှင်းသည့်နည်းလမ်းဆိုင်ရာ (IGM) ညှိနှိုင်းဆွေးနွေးပွဲတွင် တက်ရောက်လာသော အထက်မြန်မာပြည်ရှိ တိုင်းဒေသကြီးနှင့်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဝင် များသည် ဆွေးနွေးပွဲ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံသူ၏ နစ်နာမှုဖြေရှင်းသည့် နည်းလမ်းနှင့် စပ်လျဉ်း၍ နိုင်ငံတကာ လက်တွေ့ဆောင်ရွက်ချက်များကို လေ့လာခဲ့ပါသည်။
နေ့လည်ပိုင်းအစီအစဉ်အနေဖြင့် ရင်းနှီးမြှုပ်နှံသူ၏ နစ်နာမှုနှင့်စပ်လျဉ်း၍ (Case Study) များပြုလုပ်၍ အဖွဲ့လိုက်ဆွေးနွေးခဲ့ပြီး အဖွဲ့ကိုယ်စားလှယ်များမှ နစ်နာမှုဖြေရှင်းသည့် နည်းလမ်း များကို တစ်ဖွဲ့စီ ရှင်းလင်းတင်ပြခဲ့ကြပါသည်။
