
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင် စနစ် “MyCO”ကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် စတင်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင်စနစ်သစ်တွင် အသုံးပြုနိုင်ရန် ကုမ္ပဏီဆိုင်ရာ အချက်အလက်များအား ရွှေ့ပြောင်း ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ www.dica.gov.mm တွင် ကုမ္ပဏီ အချက် အလက် ရှာဖွေခြင်း ဝန်ဆောင်မှုအား ၂၀၁၈ ခုနှစ် ဇူလိုင်လအထိသာ အသုံးပြုနိုင်မည်ဖြစ်ပြီး မှတ်ပုံတင်စနစ်သစ် “MyCO” နှင့်အတူ ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ရက်နေ့မှစ၍ ပြောင်းလဲ အသုံးပြုသွားနိုင်မည် ဖြစ်ပါကြောင်း အသိပေး အပ်ပါသည်။