
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဦးဆောင်၍ ဂျာမဏီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) ၏ ပံ့ပိုးမှုဖြင့် “မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ နှင့် မြန်မာကုမ္ပဏီများ ဥပဒေ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား”အား ၂၀၁၈ ခုနှစ် မေလ ၈ ရက်(အင်္ဂါ) နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့် တို့မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ နှင့် စီးပွားရေး လုပ်ငန်းရှင်များ စုစုပေါင်း (၈၅) ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ ကြပါသည်။
အဆိုပါဆွေးနွေးပွဲတွင် အပိုင်း(၂)ပိုင်းပါဝင်ပြီး၊ ပထမပိုင်းတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေနှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန မှ ညွှန်ကြားရေးမှူး များဖြစ်ကြသော ဒေါက်တာလွင်သူဇာရွှေ ၊ ဦးမျိုးမင်းနှင့် ဦးကိုကိုလတ် တို့မှ Power Point Presentation ဖြင့်ရှင်းလင်းဆွေးနွေးကြပါသည်။
ဒုတိယပိုင်းတွင် Panel Discussion အနေဖြင့် ဆွေးနွေးကြရာ၌ Panelist အဖြစ် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပဲခူးတိုင်းဒေသကြီး ဟိုတယ်လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးဆန်းလွင်တို့မှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ၊နည်းဥပဒေနှင့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
အမေးအဖြေကဏ္ဍတွင် ဌာနဆိုင်ရာများ ၊ အသင်းအဖွဲ့များ ၊ ကုမ္ပဏီများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့်စီးပွားရေး လုပ်ငန်းရှင်များက သိလိုသည်များကို မေးမြန်းခြင်း၊ပြန်လည်ဖြေကြားခြင်းများပြုလုပ်ခဲ့ပြီး အခမ်းအနား ကိုနေ့လည် (၁၂:၃၀)နာရီတွင်အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။