
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

နိုင်ငံတော်အစိုးရအနေဖြင့်ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးတိုးချဲ့ထူထောင် ဆောင်ရွက်မှုများကို အားပေးဆောင်ရွက်လျက်ရှိရာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူများနှင့် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများအား ကုမ္ပဏီအဖြစ် ထူထောင် မှတ်ပုံတင် ဆောင်ရွက်လာစေရေး အတွက် လည်းကောင်း၊ အများနှင့်သက်ဆိုင်သော ကုမ္ပဏီများ ဖွဲ့စည်း တည်ထောင်ရာတွင် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မည့် ကုမ္ပဏီများ ပေါ်ထွန်းရေးကို ရှေ့ရှု၍ လည်းကောင်း၊ လုပ်ငန်း စတင်ထူထောင်ရာတွင် လွယ်ကူ ချောမွေ့စေရန် ဖြေလျော့မှုများကို ဆောင်ရွက်ပေးလျက် ရှိပါသည်။ သို့ဖြစ်ပါ၍ လက်ရှိကုမ္ပဏီများ၏ ဖွဲ့စည်းမှတ်ပုံတင်ကြေးနှင့် ကုမ္ပဏီများ၏ဆောင်ရွက်ချက် တင်ပြခြင်းများအတွက် ပေးဆောင်ရသည့် မှတ်ပုံတင်ကြေးများ ကို ၂ဝ၁၆ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစ၍ အောက်ပါအတိုင်း ပြင်ဆင် သတ်မှတ်ဆောင်ရွက်သွား မည် ဖြစ်ပါသည်-
| စဉ် | အကြောင်းအရာ | ယခင်နှုန်း | ပြင်ဆင်သည့်နှုန်း(ကျပ်) |
| (ကျပ်) | |||
| ၁ | ကုမ္ပဏီ ဖွဲ့စည်းမှတ်ပုံတင်ကြေး | ||
| (က) အများနှင့်မသက်ဆိုင်သောကုမ္ပဏီ (Private) | ၁,ဝဝဝ,ဝဝဝ | ၅ဝဝ,ဝဝဝ | |
| (ခ ) အများနှင့်သက်ဆိုင်သောကုမ္ပဏီ (Public) | ၁,ဝဝဝ,ဝဝဝ | ၂,၅ဝဝ,ဝဝဝ | |
| ၂ | သက်တမ်းတိုးမှတ်ပုံတင်ကြေး | ၅ဝဝ,ဝဝဝ | ၃ဝဝ,ဝဝဝ |
| ၃ | ပုံစံ ၆၊၂၆၊ ပုံစံ (င)၊ လိပ်စာပြောင်း၊ အစုရှယ်ယာပြောင်း၊ စာရွက်စာတမ်း မိတ္တူမှန် ကူးယူခြင်း | ၂,၅ဝဝ | ၂၅,ဝဝဝ |
| ၄ | ကတ်ပြား မိတ္တူမှန်ကူးယူခြင်း | ၅,ဝဝဝ | ၅ဝ,ဝဝဝ |
| ၅ | လုပ်ငန်းရည်ရွယ်ချက်တိုး၊ အမည်ပြောင်း၊ မ,တည်တိုး | ၇,၅ဝဝ | ၇၅,ဝဝဝ |
| ၆ | MOA,AOA ပြင်ဆင်ခြင်း | ၅ဝ,ဝဝဝ | ၃ဝဝ,ဝဝဝ |
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန