
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၂၀၁၆ ခုနှစ် မေလ ၂၄ ရက်နေ့တွင် Taiwan Trade Center နှင့် Bank of Taiwan မှ MOS Exam အောင်မြင်သူ သင်တန်းသားများအား Certificate ပေးအပ်ပွဲနှင့် ကွန်ပျူတာ (၉) လုံး လှူဒါန်းပွဲ အခမ်းအနားကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (ရုံးချုပ်)တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ Ms.Shu-Mei Yang, Deputy Director General, Bureau of Foreign Trade, Ministry of Economic Affairs ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ တက်ရောက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး တက်ရောက်၍ အဖွင့်အမှာ စကားပြောကြား ပေးခဲ့ပါသည်။



