
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

မြန်မာနိုင်ငံနှင့် အစ္စရေးနိုင်ငံ နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း များ တိုးမြှင့်ရန် ရည်ရွယ်၍ အစ္စရေးနိုင်ငံတွင် ၂၀၁၇ ခုနှစ် မေလ ၇ ရက်နေ့မှ ၁၀ ရက်နေ့ အထိ ကျင်းပပြုလုပ်မည့် “ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးခရီးစဉ်” သို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ဦးဆောင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှ အဆင့်မြင့်အရာရှိတစ်ဦးနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့ အစ္စရေးနိုင်ငံသို့ လေ့လာရေး သွားရောက်မည် ဖြစ်ပါသည်။ သို့ဖြစ်၍ အကြိုညှိနှိုင်း အစည်းအဝေးကို ၂၀၁၇ ခုနှစ် မေလ ၅ ရက်နေ့တွင် DICA ရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး H.E Mr. Daniel Zohar Zonshine တက်ရောက်ခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။