
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ယခင်ရင်းနှီးမြှုပ်နှံမှုဥပဒေများအရ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နေသော နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအပါအဝင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၁၇ အရ ကန့်သတ်သည့်ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများအား လက်ရှိဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံ သူများ အားလုံးသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၂၂၇ အရ ကန့်သတ်သည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်နေကြောင်း ကော်မရှင်သို့ အကြောင်းကြားရမည် ဖြစ်ပါသည်။
သို့ပါ၍ အဆိုပါ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး သို့မဟုတ် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံးများသို့ ကော်မရှင်မှ သတ်မှတ်ထားသည့် ပုံစံဖြင့် နည်းဥပဒေ ၂ (ဖ) နှင့်အညီ ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်နေ့အထိ ကာလအတွင်း မပျက်မကွက် အကြောင်းကြားရမည် ဖြစ်ပါကြောင်း အသိပေး ကြော်ငြာအပ်ပါသည်။