
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော အလူမီနီယမ်၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးမှန်နှင့် ဆက်စပ်ပစ္စည်းများအား ထုတ်လုပ်ခြင်း၊ ဒီဇိုင်းဖော်ခြင်း၊ တပ်ဆင်ပေးခြင်းနှင့်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် မြေကွက်အမှတ်-၄၊ မြေတိုင်းရပ်ကွက် အမှတ်-၁၈၊ ရွှေပေါက်ကံ စက်မှုဇုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးရှိ WM Quan Dat Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ပတ်၀န်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါ၀င်သည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏ သုံးလပတ်အစီရင်ခံစာ၊ ပတ်၀န်းကျင် စီမံခန့်ခွဲမှု အစီအစဉ်၊ ပုဂ္ဂလိက စက်မှုမှတ်ပုံတင်နှင့် မတည်ငွေထည့်၀င်မှု အခြေအနေစသည်များကို ၂၀၁၇ ခုနှစ်၊ မေလ ၃ ရက် နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။