
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၁) အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့၏ ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အစီရင်ခံစာများ အတည်ပြု ခြင်း၊ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဝင်ရောက်စေရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရေး ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။
