
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၁) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်၌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ တနင်္သာတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို နှင့် အဖွဲ့ဝင်များ ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာ စာအမှတ် (၂၆/၂၀၂၁) အရ တိုင်းဒေသကြီးနှင့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီများ လိုက်နာကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းများ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခွင့်ပြုမိန့်/အတည်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက် နေသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
