
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

Coronavirus Disease 2019 (COVID-19) သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်–၁၉ ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့(ကယားပြည်နယ်) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကိုဗစ်–၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသော ကယားပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့် စတုတ္ထ အကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၁ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး ဌာနဆိုင်ရာများ မှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ စုစုပေါင်း (၂၅) ဦး တက်ရောက်ကြပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးထားသည့်ချေးငွေများ အကျိုးရှိစွာအသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့ (ကယားပြည်နယ်) ဥက္ကဋ္ဌ က Coronavirus Disease 2019 (COVID-19) သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးသက်ရောက်မှုများ အပေါ်ကုစားရေးလုပ်ငန်းကော်မတီ၏ ချေးငွေဆိုင်းငံ့ကာလ ထပ်မံတိုးမြှင့်ခြင်းကိစ္စ၊ ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသော ငါး၊ ပုဇွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍသို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးအပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ထပ်မံထုတ်ပေးမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသိပေးရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များမှ ပြန်လည် ဆွေးနွေး တင်ပြချက် များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။