
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေတို့နှင့် စပ်လျဉ်းသည့် ဌာနတွင်း ဆွေးနွေးပွဲအား ၂၀၁၇ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ရန်ကုန် (ရုံးချုပ်) နှင့် တိုင်းဒေသကြီး/ပြည်နယ် ရုံးခွဲ များမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု စုံစမ်းမေးမြန်းခြင်း လျှောက်ထားလွှာ တင်သွင်း ခြင်းနှင့် လမ်းညွှန်ချက် ထုတ်ပေးခြင်း၊ အဆိုပြုချက် တင်ပြခြင်းနှင့် စိစစ်ခြင်း၊ အတည်ပြုလျှောက်ထားလွှာ တင်ပြခြင်းနှင့် စိစစ်ခြင်းအပိုင်းတို့အား ဆွေးနွေးခဲ့ကြ ပါသည်။
