
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကိုးရီးယားသမ္မတနိုင်ငံသို့ လေ့လာရေးခရီးစဉ် ဒုတိယနေ့အဖြစ် Invest Korea ရုံးသို့ သွားရောက်၍ ဝန်ဆောင်မှုနှင့် လုပ်ငန်းဆောင်ရွက်ပုံများကိုလေ့လာပြီးနောက် Foreign Investment Ombudsman ရုံးသို့သွားရောက်ကာ ရင်းနှီးမြှုပ်နှံသူများ၏ တိုင်ကြားမှုများ၊ ဝန်ဆောင်မှုအစီအစဉ် များနှင့် အခြားအစိုးရအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများကို လေ့လာ ခဲ့ကြပါသည်။ ထို့နောက် မြန်မာကိုယ်စားလှယ် အဖွဲ့သည် KOTRA မှ ကြီးမှူး ကျင်းပသည့် ကိုးရီးယားရင်းနှီးမြှုပ်နှံသူများနှင့် ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့ ပါသည်။

