
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် ဝန်ထမ်းများ၏ စွမ်းရည် မြင့်မား စေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်း (၆)ဦးအား တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ Haikou တွင် ၂၀၁၇ ခုနှစ် မေလ ၁၃ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ သင်တန်း ၂၀၁၇ သို့ စေလွှတ်ခဲ့ပါသည်။
အဆိုပါ သင်တန်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူးရုံးမှ ရုံးခွဲတာဝန်ခံ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဦး၊ ရှမ်းပြည်နယ်၊ တောင်ကြီး ရုံးခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ညီဝင်း၊ ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်ချမ်းမြေ့စိုး၊ ရင်းနှီးမြှုပ်နှံမှု-၂ ဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်နန်းခင်ခင်ထား၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်စောယုမွန်နှင့် ရင်းနှီးမြှုပ်နှံမှု-၂ ဌာနခွဲမှ ဒုတိယဦးစီးမှူး ဒေါ်ခက်ဝေသွယ် တို့သည် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် ဆောင်ရွက်နေမှုများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်မှု ဆောင်ရွက်ချက်များ အစရှိ သည်များကို လေ့လာ သင်ယူလျက်ရှိပါသည်။ အဆိုပါသင်တန်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အထောက်အပံ့ဖြင့် ပြုလုပ်ခြင်းဖြစ်ပါ သည်။
အဆိုပါသင်တန်းသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့မှ အရာရှိ များလည်း တက်ရောက်လျက်ရှိပါသည်။
