
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့်ဆောင်ရွက်လျက်ရှိသော ခရီးသည် တင်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း၊ ပြုပြင်ခြင်းနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည့် မြေကွက်အမှတ် (၁၈၈၊ ၁၈၉)၊ ရန်ကုန်စက်မူဇုန်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ SC Auto (Myanmar) Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ပတ်၀န်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါ၀င် သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကုမ္ပဏီ၏သုံးလပတ်အစီရင်ခံစာ၊ ထုတ်လုပ်မှု အခြေအနေ၊ စီးပွားဖြစ် စတင်ဆောင်ရွက်မည့်အခြေအနေ၊ အလုပ်သမားခန့်ထားမှု၊ ပတ်၀န်းကျင် စီမံခန့်ခွဲမှု အစီအစဉ်၊ပုဂ္ဂလိကစက်မှုမှတ်ပုံတင်၊ လုံခြုံမှုအထောက်အထား လက်မှတ်နှင့် မတည်ငွေ ထည့်၀င်မှုအခြေအနေစသည်များကို ၂၀၁၇ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင်သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။