TAKASHIMA SPORTS CO., LTD.၊ GOLDEN JASMINE INTIMATES MANUFACTURING INTERNATIONAL CO., LTD. နှင့် SAMPAR OO INDUSTRIES CO., LTD. တို့သို့ ကွင်းဆင်း စစ်ဆေးခဲ့ခြင်း

Print Friendly, PDF & Email

     မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုမိန့်ဖြင့် လုပ်ငန်း ဆောင်ရွက်လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်ရှိ TAKASHIMA SPORTS Co., Ltd.၊ Golden Jasmine Intimates Manufacturing International Co., Ltd. နှင့် ​​ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်အပိုင်း(၄)ရှိ Sampar Oo Industries Co., Ltdတို့သို့ ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ပတ်၀န်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါ၀င်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၆ ခုနှစ် မေလ ၄ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။