
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ ဌာနခွဲအသီးသီးမှ ဝန်ထမ်းများအား မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရေးနှင့်စပ်လျဉ်းသည့် အသိပညာ ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရေး ဆွေးနွေးပွဲနှင့် သရုပ်ပြပွဲကို ၂၀၁၆ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ နံနက် (၁၀:၀၀) တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် မီးသတ်ဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းဝင်းမှ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် စပ်လျဉ်းသည့် ဗဟုသုတများကို Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ မီးလောင်မှုဖြစ်စဉ်များကို video မှတ်တမ်းများ ပြသ၍ သင်ခန်းစာ ဖော်ထုတ်ရှင်းလင်းဆွေးနွေးခြင်း၊ လက်တွေ့သရုပ်ပြမီးငြိမ်းသတ်ရာ ဝန်ထမ်းများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ နေ့လည် ၁၂ အချိန်တွင် အောင်မြင်စွာ ပြုလုပ်ပြီးစီးခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲနှင့်သရုပ်ပြပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ပါသည်။



