
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

Insolvency Law and Corporation ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏ အကူအညီဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ၁၇-၅-၂၀၁၇ ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ (၁၂: ၀၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး လူမွဲခံဥပဒေ၏ အခြေခံသဘောတရားများနှင့် ကုမ္ပဏီများဥပဒေနှင့် လူမွဲခံဥပဒေတို့အကြား ပေါင်းစည်းဆောင်ရွက်ရန် လိုအပ်သည့်အချက်များကို ဆွေးနွေးခဲ့ပါသည်။
