
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ဂျပန်ကုမ္ပဏီများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခွင့် အလမ်းများကို ဆွေးနွေးနိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲ တစ်ရပ် ကျင်းပခြင်းဖြင့် ဂျပန်ရင်းနှီးမြှုပ်နှံ သူများ လိုအပ်သော အနေအထား အချက်အလက်များ သိနားလည်စေရန် ရည်ရွယ်၍ ဂျပန်နိုင်ငံ၊ တိုကျိုမြို့နှင့် အိုဆာကာမြို့များ၌ ၂၀၁၇ ခုနှစ် မေလ ၂၈ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် “ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးခရီးစဉ်” သို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးနှင့် အတူ ကိုယ်စားလှယ် (၁၀) ဦးတက်ရောက်ရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာ သွားပါသည်။