ဂျပန်နိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးခရီးစဉ် သွားရောက်ခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၇ ခုနှစ် မေလ ၂၉ ရက်နေ့မှ ဇွန်လ ၃ရက်နေ့အထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့နှင့် အိုဆာကာမြို့တို့တွင် ကျင်းပသည့်  ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲသို့ တက်ရောက်ရန် ဂျပန်နိုင်ငံသို့  သွားရောက်လျက်ရှိပါသည်။ အဆိုပါ ခရီးစဉ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မေလ၃၀ရက်နေ့တွင် Nippon Container Terminals၊Ohi Logistics Center နှင့် Ajinomoto Kawasaki Plant သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လေ့လာခဲ့ပါသည်။