
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများအား ဦးစီးဌာနသို့ လာရောက်သည့် ဧည့်သည်များအပေါ်တွင် ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်နှင့် ဝန်ထမ်း အချင်းချင်း အပြန်အလှန်နားလည်စွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ Customer Service Training သင်တန်း အမှတ်စဉ် (၃)၊ သင်တန်းဖွင့်ပွဲအခမ်းအနားကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) ၌ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၀၉၅၅ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါ အခမ်းအနား၌ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ Japan International Cooperation Agency (JICA) မှ Mr.Takafumi Ueda နှင့် FORVAL MYANMAR Co.,Ltd. မှ သင်တန်းနည်းပြများအပါအဝင် သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၇ ရက်အထိ ကြာမြင့်မည်ဖြစ်ပါသည်။
