
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများအနေဖြင့် ဌာနသို့ လာရောက်သည့် ဧည့်သည်များအပေါ်တွင် ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်နှင့် ဝန်ထမ်း အချင်းချင်း အပြန်အလှန်နားလည်မှုရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ရက်သတ္တပတ် (၂)ပတ်ကြာ ဖွင့်လှစ်ခဲ့သည့် Customer Service Training သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ရန်ကုန်(ရုံးချုပ်)၌ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ Japan International Cooperation Agency (JICA)မှ တာဝန်ရှိသူများနှင့် FORVAL MYANMAR Co., Ltd. မှ သင်တန်းနည်းပြများ အပါအဝင် သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ပါသည်။

