စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုပြပွဲအတွက် STAKEHOLDERS’ MEETING ကျင်းပခြင်း

Print Friendly, PDF & Email

၂၀၂၀ ပြည့်နှစ် မတ်လ (၂၃) ရက်နေ့မှ (၂၄) ရက်နေ့ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော် ခန်းမ၌ ကျင်းပပြုလုပ်မည့် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုပြပွဲအတွက် Stakeholders’ Meeting ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦး၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ကြပါ သည်။