
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

DaNa Facility ၏ ပံ့ပိုးကူညီမှုဖြင့် စတုတ္ထအကြိမ်အများနှင့်အကျုံးဝင်သော စီးပွားရေး လုပ်ငန်းများနှင့် လူမှုရေးအကျိုးရည်မျှော်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဦးဆောင်ရေးအဖွဲ့ အစည်းအဝေး ကို၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ၇ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန(ရုံးချုပ်)၌ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးနှင့် DaNa Facility မှ Senior Technical Advisor ဖြစ်သူ Mr Peter Brimble တို့က အဖွင့်အမှာစကားပြောကြားခဲ့ကြပါသည်။
ထို့နောက် British Council မှ ဒေါ်မိမိမျိုးဝင်းက Developing a Social Entrepreneurship in Myanmar ခေါင်းစဉ်ဖြင့်လည်းကောင်း၊ DaNa Facility မှ တာဝန်ရှိသူများက The Myanmar IB Challenge 2019 Update and follow up activities၊ IB Capacity Building Activities နှင့် Strengthening Linkages Between IB and MAMEs, Aligning IB Promotion Strategy and the New MSME Masterplan ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပါ သည်။ အဆိုပါအစည်းအဝေးသို့ အများနှင့်အကျုံးဝင်သောစီးပွားရေးလုပ်ငန်းများနှင့် လူမှုရေး အကျိုးရည်မျှော်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဦးဆောင်ရေးအဖွဲ့ဝင်များ၊ DaNa Facilityမှ တာဝန်ရှိ သူများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများစုစုပေါင်း ၃၀ ဦး ခန့်တက်ရောက်ခဲ့ပါသည်။
