
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ(၂၀၁၇) အား အီလက်ထရောနစ် မှတ်ပုံတင်စနစ် Myanmar Companies Online (MyCO) နှင့် ကျင့်သုံး ဆောင်ရွက်လျက်ရှိရာ ကုမ္ပဏီများ၏ မှတ်ပုံတင်ဆိုင်ရာ အချက်အလက်များအား Application Programming Interface (API) နည်းပညာဖြင့် ချိတ်ဆက် ရယူ ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာအစိုးရဌာနများနှင့် ညှိနှိုင်း အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရုံး ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် တက်ရောက်ဆွေးနွေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ကုန်သွယ်ရေး ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနတို့မှ တာဝန်ရှိသူများလည်းတက်ရောက်ခဲ့ပါသည်။
