
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၉/၂၀၂၁) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးလှစိုးနှင့် ကော်မတီ အဖွဲ့ဝင်များ၊ ရင်းနှီး မြှုပ်နှံသူ လုပ်ငန်းရှင်များက ဗီဒီယို ကွန်ဖရင့် ကို အသုံးပြု၍ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးမှ စက်မှုကဏ္ဍ တွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၂) ခု နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁) ခုတို့ကို အတည်ပြုပေးခဲ့ပါသည်။ အဆိုပါလုပ်ငန်းများမှာ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုး ထုတ်လုပ် ခြင်းလုပ်ငန်း၊ ဆန်စပါး အခြေခံ တန်ဖိုးမြှင့်ဆန်နှင့် ဆန်ကွဲ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း ၊ CMP စနစ်ဖြင့် ပဲအမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၅၀ သန်းနှင့် မြန်မာကျပ်ငွေ ၅၄၂၀ သန်း ဖြစ်ပါသည်။
အဆိုပါ လုပ်ငန်း (၃) ခု မှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၇၂ ဦး ကို ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။ အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၄) ခု ၏ တင်ပြချက်များ ကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။