
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာခက်အောင် အပါအဝင် ကော်မတီအဖွဲ့ဝင်များ၊ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ တက်ရောက်၍ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့ သည့် အစီရင်ခံစာများ၊ ရင်းနှီးမြှုပ်နှံသူမှ တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးခဲ့ကြပါသည်။