CUSTOMER SERVICE TRAINING သင်တန်းအမှတ်စဉ် (၂) ၊ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများအား ဌာနသို့ လာရောက်သည့် ဧည့်သည်များအပေါ်တွင် ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရန်နှင့် ဝန်ထမ်း အချင်းချင်း အပြန်အလှန်နားလည်စွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ Customer Service Training သင်တန်း အမှတ်စဉ် (၂)၊ သင်တန်းဖွင့်ပွဲအခမ်းအနားကို ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)၌ ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ Japan International Cooperation Agency (JICA)မှ Mr. Takafumi Ueda နှင့် FORVAL MYANMAR Co., Ltd. မှ သင်တန်းနည်းပြများ အပါအဝင်သင်တန်းသား၊ သင်တန်းသူများစုစုပေါင်း (၄၅) ဦးတက် ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ ဖေဖော်ဝါရီလ ၄ ရက်မှ ၁၄ ရက်အထိ သီတင်း(၂)ပတ် ကြာမြင့်မည်ဖြစ်ပါသည်။