
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၀)ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ တွင် ပုသိမ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဦးလှမိုးအောင်နှင့် အဖွဲ့ဝင် (၇)ဦး တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ဟိုတယ်၊ဗီလာများနှင့် အပန်းဖြေစခန်းများ တည်ဆောက်ခြင်း လုပ်ငန်းအတွက်အတည်ပြုမိန့် ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ကျပ် (၅၇၀၀) သန်းရှိပြီး၊ အဆိုပါ လုပ်ငန်းမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း(၅၇)ဦးကို ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။