
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် ထားဝယ်မြို့ တွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။ အဆိုပါ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်အပါအဝင် ကော်မတီအဖွဲ့အဝင်များ တက်ရောက်ခဲ့ပါ သည်။ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံသူများမှတင်ပြလာသည့် အတည်ပြု လျှောက်ထားလွှာ များကို ဆွေးနွေးခဲ့ပြီး ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍမှလုပ်ငန်း (၂)ခုအား အတည်ပြုပေး ခဲ့ပါသည်။ အဆိုပါလုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ မေရိကန်ဒေါ်လာ ၀.၈၀၀၈၆ သန်းနှင့် မြန်မာကျပ်ငွေ ၁,၅၀၀ကျပ်သန်းဖြစ်ပြီး ဒေသခံလုပ်သားများအတွက် အလုပ်အကိုင် အခွင့် အလမ်းပေါင်း ၈၉ နေရာဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။