မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုမိန့်၊ အတည်ပြုမိန့် ရရှိပြီးနောက်ပိုင်း ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲ

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်ရရှိပြီးနောက်ပိုင်း ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲ ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ရင်းနှီးမြှုပ်နှံသူ ၁၉ ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး၊ ညွှန်ကြားရေးမှူး ဒေါက်တာသိမ့်သိမ့်မိုးက “အတည်ပြုမိန့်၊ ကော်မတီဆုံးဖြတ်ချက်၊ စီးပွားဖြစ်စတင်ခြင်း၊ တည်ဆောက်ရေး ကာလတိုးမြှင့်ခြင်း၊ သုံးလပတ်အစီရင်ခံစာနှင့် နှစ်စဉ်အစီရင်ခံစာတင်ပြခြင်း”အား ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးဟိန်းက“ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း၊ အစုရှယ်ယာလွှဲပြောင်းခြင်း၊ ခွင့်ပြုမိန့်ပြင်ဆင်ခြင်း နှင့် စီးပွားရေးလုပ်ငန်း ဖျက်သိမ်းခြင်း” အား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။