
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၀)ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ် ၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် ပုသိမ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ၊ Mini Housing Project လုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည်များ ချုပ်လုပ်ခြင်းလုပ်ငန်း တို့ကို အတည်ပြုပေးခဲ့ပါသည်။
အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ မြန်မာကျပ် (၃၂၁၅.၈၇၉) သန်းနှင့် အမေရိကန်ဒေါ်လာ (၄.၉၇၉) သန်းရှိပြီး အဆိုပါလုပ်ငန်းမှ ပြည်တွင်းအလုပ်အကိုင် အခွင့် အလမ်းပေါင်း (၂၁၇၃) ဦး ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
