
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

အသိပေးကြေညာချက်
၁။ လူမွဲခံယူခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၄၁၈ အရ ကုမ္ပဏီများ၏ ဖျက်သိမ်းခြင်းလုပ်ငန်းစဉ်များ အပါအဝင် လူမွဲခံယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ယင်းဥပဒေအာဏာတည်သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၅ ရက်နေ့မှစတင်၍ လူမွဲခံယူခြင်းဆိုင်ရာဥပဒေအရသာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။
၂။ ကုမ္ပဏီများအနေဖြင့် လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေနှင့်အညီ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းအတွက် နေ့စဉ်ထုတ်သတင်းစာများတွင် ထည့်သွင်းကြော်ငြာသည့်အခါ “မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ” အစား “လူမွဲခံယူခြင်းဆိုင်ရာဥပဒေ” ဟု သတိပြု၍ သုံးနှုန်းဖော်ပြသွားရန်နှင့် လူမွဲခံယူခြင်းဆိုင်ရာဥပဒေနှင့် နည်းဥပဒေများတွင် ပါရှိသည့်အချိန်ကာလ သတ်မှတ်ချက်နှင့်အညီဖြစ်စေရေး ဂရုပြု၍ ဆောင်ရွက်သွားရန် အသိပေးကြေညာအပ်ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန