
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ ပါသည်။
အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များမှ Video Conferencing စနစ်ကို အသုံးပြု၍ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု(၁)ခုကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းမှာ ပဲအမျိုးမျိုးနှင့် ဆန်၊ ဆန်ထွက်ပစ္စည်းများ ကြိတ်ခွဲခြင်း၊ သန့်စင်ခြင်း၊ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း ဖြစ်ပါသည်။
အဆိုပါ အတည်ပြုရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ မတည်ငွေရင်းပမာဏစုစုပေါင်းမှာမြန်မာကျပ်ငွေ ၂၄၀၀.၀၀ သန်း ဖြစ်ပြီး အဆိုပါ လုပ်ငန်းမှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၈၄ ဦး အတွက် ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။