
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း CMP စနစ်ဖြင့် ဖိနပ် အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းနှင့် ခေါက်ဆွဲ၊ ကြာဇံစသည့် ပစ္စည်းများအား အသင့် စားသောက်ကုန်အဖြစ် တန်ဖိုးမြှင့် ထုတ်လုပ်ခြင်းနှင့် ပြည်တွင်းဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း တို့ဆောင်ရွက်လျက်ရှိသော စက်ရုံများသို့ သွားရောက်၍ စီးပွားဖြစ် စတင်လည်ပတ် ထုတ်လုပ်ရန်အတွက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ ဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြု လိုက်နာရမည့် အချက်များ (Version 5.0) အား လိုက်နာ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။