
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို ဦးဆောင်သော သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့သည် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် လုပ်ငန်းဆောင်ရွက်လျှက်ရှိသော တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ မြိတ်မြို့နယ်ရှိ Htoo Htoo Toe International Co.,Ltd ၏ BOT စနစ်ဖြင့် ဆိပ်ခံတံတား တည်ဆောက်ခြင်းလုပ်ငန်း၊ တစ်နေ့တန်(၁၀၀)ကျ ရေခဲစက်ရုံနှင့် တစ်နေ့ တန်(၂၀)ကျ ငါးအမှုန့်ကြိတ် စက်ရုံလုပ်ငန်းတို့အား ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၁ ရက်နေ့တွင် သွားရောက်ကွင်းဆင်းပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။