
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

United Nations ESCAP Regional Consultation on Business Innovation for Inclusive and Sustainable Development နှင့်စပ်လျဉ်းသည့် Virtual Meeting တစ်ရပ်ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် အရာထမ်းများ၊ Asia Pacific ဒေသတွင်းနိုင်ငံများမှ ကိုယ်စားလှယ်များနှင့် UNESCAP မှ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဒေသတွင်းနိုင်ငံများ အကြား Social Enterprise နှင့် Inclusive Business မူဝါဒပိုင်းဆိုင်ရာကိစ္စရပ်များနှင့် အကောင်အထည်ဖော်ခြင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးကြရာ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က မြန်မာနိုင်ငံ၏ Social Enterprise နှင့် Inclusive Business/ Impact Investing ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လက်ရှိဆောင် ရွက်ဆဲကိစ္စရပ်များနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးခဲ့ပါသည်။
