
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် “ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအသိပညာပေးပွဲအခမ်းအနား” ကို ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ Famous Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှဝန်ထမ်းများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် မီဒီယာများစုစုပေါင်းအင်အား၂၇ဦးခန့် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးထွန်းတောက်အောင်မှ“သုံးလပတ် အစီရင်ခံစာတင်ပြနည်း”အားရှင်းလင်းဆွေးနွေးခဲ့ပြီး “စီးပွားဖြစ်စတင်ခြင်း၊ အခွန်ကင်းလွတ်ခွင့်နှင့် တည်ဆောက်ရေးကာလတိုးမြှင့်ခွင့်ရရှိရန် လျှောက်ထားနည်း”တို့ကိုဦးစီးအရာရှိဒေါ်မိုးတင်ဇာမှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အခမ်းအနားကိုညနေ (၃) နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။