
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

စစ်ကိုင်းတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လျက်ရှိသည့် စစ်ကိုင်းမြို့၊စစ်ကိုင်းတိုင်းဒေသကြီးတွင် မော်တော်ဆိုင်ကယ်တပ်ဆင် ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသော မိုကိုနာကုမ္ပဏီလီမိတက်သို့ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် တည် ဆောက်ရေး ကာလတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စနှင့်စပ်လျဉ်း၍ သွားရောက် စစ်ဆေးပြီး လိုအပ် သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
