ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုတို့အား ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ပုဂ္ဂလိက ကဏ္ဍမှ ကျယ်ပြန့်စွာ သိရှိနိုင်ရေး ONLINE အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

Print Friendly, PDF & Email

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုတို့အား ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ပုဂ္ဂလိကကဏ္ဍမှ ကျယ်ပြန့်စွာ သိရှိနိုင်ရေး ရည်ရွယ်သည့် Online အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်အား  ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပခဲ့ပါသည်။

          အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ သက်ဆိုင်ရာအစိုးရ ဌာန/အဖွဲ့အစည်းများအပြင် ပြည်တွင်း ဘဏ်များနှင့် နိုင်ငံခြားဘဏ်ရုံးခွဲများ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ဥပဒေအကြံပေး လုပ်ငန်း များ စသည့် ပုဂ္ဂလိက ကဏ္ဍတို့မှ ကိုယ်စားလှယ် ၄၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

          အလုပ်ရုံဆွေးနွေးပွဲတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုတို့အား ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့် ဥပဒေရေးရာ ပုဂ္ဂိုလ်တို့၏ သဘောသဘာဝနှင့်  အကျိုးခံစားခွင့်ရှိ သူ ပိုင်ရှင် ဆိုင်ရာ သတင်းအချက်အလက်များဖော်ထုတ်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ အား ပုဂ္ဂလိကကဏ္ဍမှ ကျယ်ပြန့်စွာသိရှိနိုင်ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊  မြန်မာနိုင်ငံတော်ဗဟို ဘဏ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန နှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်း ရေး အဖွဲ့တို့မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက ဦးဆောင် ဆွေးနွေးခဲ့ကြပါသည်။