
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် မန္တလေးမြို့ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) အစည်းအဝေးခန်းမ၌ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) က ဦးဆောင်ကျင်းပပြုလုပ်သည့် Covid-19 & Myanmar Economy; Past, Present & Future စကားဝိုင်း ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပါသည်။
အဆိုပါ စကားဝိုင်း ဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်လတ်၊ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ၊ ဦးရဲမင်းဦး တို့ ပါဝင်ဆွေးနွေးခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှ အလုပ် အမှုဆောင် အဖွဲ့ဝင်များ၊ အသင်းဝင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ စုစုပေါင်း ( ၆၅ ) ဦး တက်ရောက်ခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးတိုင်းဦးစီးမှူးရုံးအား လှည့်လည်ကြည့်ရှုခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းနှီး ပွင့်လင်းစွာ တွေ့ဆုံခဲ့ပါသည်။
