
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

(၁၇)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့်ပတ်သက်၍ Senior Officials’ meeting (SOM) အကြီးတန်းအရာရှိများ အစည်းအဝေးကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့၊ နံနက် ၀၈:၀၀ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏအောင်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်အပါအဝင်၊ တာဝန်ရှိသူများနှင့် အတူ ပူးပေါင်း၍ ပါဝင်တက်ရောက်ခဲ့ပါသည်။

